ကော့ကရိတ် ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးဒုတိယကြိမ် ထိုးနှံပေးမည်ဖြစ်ပြီး ဆေးထိုးစုရပ်များသို့ လာရောက်ထိုးနှံရေးကို ယမန်နေ့ညနေ(၃)နာရီချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသိပေး ကြေညာလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်ကာကွယ်ဆေး ပထမကြိမ်ထိုးနှံခြင်းကို (၃၁.၇.၂၀၂၁)ရက်နေ့တွင် စုရပ်(၁၀)နေရာ၌ စတင်ထိုးနှံပေးခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် (၂၈.၈.၂၀၂၁)ရက်နေ့မှစ၍ ကိုဗစ်ကာကွယ်ဆေးအား ဆက်လက် ဆေးထိုးနှံပေးသွားမည် ဖြစ်ပါသည်။
ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများသည် ကော့ကရိတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းဝေးခန်းမ၊ဇိနသုခဘုရား၊ အမက(၁)ကျောင်း၊ အထက(နဘူး)၊ အထကခွဲ(ကျုံးဘိုင်း)၊ကော့ဘိန်းဆေးရုံ၊ အထက(ကျုံးဒိုး)ကျောင်းတို့တွင်လာရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်အသိပေးလျက် ရှိကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)