ပင်းတယမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးထားသူများအား ဒုတိယအကြိမ် ကာကွယ်​ဆေးထိုးနှံခြင်းများ ​ဆောင်ရွက်သွားမည်

ပင်းတယ သြဂုတ်လ ၂၈

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင်လ(၃၀)ရက်​နေ့မှ သြဂုတ်လ(၄)ရက်နေ့အထိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးစား​​ပေး အစီအစဉ် အရ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​​ဆေး ပထမအကြိမ်ထိုးထားသူ (၂၅၅၂) ဦးအား ဒုတိယအကြိမ် ကာကွယ်​ဆေး ထိုးနှံခြင်းကို သြဂုတ်လ ၂၉ ရက်​​​နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့မှ သိရသည်။

ဒုတိယအကြိမ် ကာကွယ်​​ဆေးထိုးနှံမှုကို ပင်းတယမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသခန်းမ၊​ ပွေးလှမြို့ အ-ထ-က​ကျောင်း၊ ကျုံး အ-ထ-က ​ကျောင်းနှင့်​​ ညောင်​ကောက်​ကျေးရွာ ဘုန်းကြီး​ကျောင်းတို့တွင် နံနက် ၉ နာရီမှစတင်၍ ထိုးနှံ​ပေးသွားမည်ဖြစ်ပြီး ​ဆေးထိုးရန်လာ​ရောက်သူများကို ကာကွယ်​ဆေးထိုးပြီးစီး​ကြောင်း ကတ်ပြားများ ထုတ်​ပေးနိုင်ရန်အတွက် မှတ်ပုံတင်ကတ်များ ယူ​ဆောင်လာရန်နှင့် လုံခြုံ​ရေးအရ လက်ကိုင်ဖုန်းသာ ယူ​ဆောင်လာပြီး အခြားအပိုပစ္စည်းများ ယူ​ဆောင်လာမှုမရှိရန် နှိုး​ဆော်ထား​ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)