နမ္မတူမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် သိန်း (၆၀)ဖြင့် ဆောင်ရွက်သော မြေသားလမ်းမှ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်

နမ္မတူ  ဩဂုတ် ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် သိန်း (၆၀) ဖြင့် ဆောင်ရွက်သော မြေသားလမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သည်။

အဆိုပါ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းမှာ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၉)ရှိ ရွှေစကားဝါလမ်းဖြစ်ပြီး၊ လမ်းအရှည်  (၃၀၀)ပေ၊ အကျယ် (၁၀)ပေနှင့် ထု (၉)လက္မရှိ မြေသားလမ်းမှ ကတ္တရာလမ်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းမှာ ဩဂုတ်လ (၂၈)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ခေတ္တ အမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)