အုတ်ဖိုမြို့နယ်တွင် မြို့အဝင်ဂိတ်များ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

အုတ်ဖို  သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့ဝင်ဂိတ်များတွင်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဒေသခံပြည်သူများ လိုက်နာမှုရှိ/မရှိ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများကလည်း စျေးသွား၊ စျေးလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်မှုကို အုတ်ဖိုမြို့အဝင် တာစုံဂိတ်နှင့် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့အဝင် တာစုံဂိတ်များတွင် စျေးသွား စျေးလာ ပြည်သူများအား RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးခြင်းဖြစ်ပြီး ရောဂါပိုးကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ် နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


အောင်သူ(အုတ်ဖို)