တံတားဦး ဩဂုတ် ၂၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ သုခိတ ကမ္ဘောဇဗိမာန်တွင် စုရပ်အဖြစ်သတ်မှတ်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင်ဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံလျက်ရှိကြောင်း သိရသည် ။
ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး နှင့် အဖွဲ့ဝင်များက အဖွဲ့(၅)ဖွဲ့ခွဲကာ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ၊ သံဃာတော်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင်ဝန်ထမ်းများက တံတားဦးမြို့နယ် အတွင်းရှိ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်းတို့ကို အသိပေးပြောကြားသည်။
တံတားဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ကို ယနေ့မှစတင်၍ မြို့ပေါ်ရပ်ကွက် အမှတ်(၁/၂/၃)ရပ်ကွက်များများမှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား၊ သံဃာတော်များနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုများမှ သက်ကြီးဘိုးဘွားများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ(၂၈)နေ့မှ စက်တင်ဘာလ (၂၂)ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည် ။
ရဲတင့်(တံတားဦး)