နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ( ၁၆ )ဦး ထပ်မံတွေ့ရှိ

နွားထိုးကြီး  ဩဂုတ်  ၂၈    

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှူကြပ်ပြီး ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ ယမန်နေ့ညနေ ၃ နာရီက RDT ဖြင့် လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၁၆)ဦးတို့သည် ပြရာချောင်းကျေးရွာမှ (၁)ဦး၊ မင်းရွာကျေးရွာမှ(၂)ဦး၊ တောဇောက် ကျေးရွာမှ (၂)ဦး၊ သနပ်ခါးတောကျေးရွာမှ (၁)ဦး၊ ရွာကြီးကျေးရွာမှ (၁၀)ဦးတို့ဖြစ်ပြီး နေမကောင်းပြီးအနံ့ပျောက်နေသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံတွင် RDT Test ဖြင့်စစ်ဆေးရာ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ Positive လူနာများအား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံအထူး ကုသဆောင်၊ မြို့နယ်အားကစားခန်းမတို့တွင် သီးသန့်ထားရှိပြီး ဆေးဝါး ကုသပေး လျက်ရှိကြောင်းသိရသည်။ နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံတွင် ရောဂါပျောက်ကင်း သဖြင့် ဆေးရုံမှဆင်းခွင့်ရသူ(၁၇၉၇)ဦး၊ ဆေးရုံတက်ကုသ သူ(၁၉၁၇) ဦး၊ သေဆုံးသူ(၃၄)ဦး ရှိပြီး လက်ရှိတွင် ဆေးကုသမှုခံယူသူ (၈၆)ဦးရှိ ကြောင်းသိရ သည်။              

သန်းအောင်ဇော်