ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နှာခေါင်းစည်း(Mask)နှင့် စားသောက်ကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ဟိုပုံး   ဩဂုတ်  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ နှာခေါင်းစည်း(Mask)နှင့် စားသောက်ကုန်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြသည်။

 

ထိုသို့ လှူဒါန်းရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊   ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက နှာခေါင်းစည်း(Mask) (၅၀)ဗူး၊ ကြက်ဥ (၃၀)ကပ်၊ ရေသန့်၁လီတာ(၅၀၀)ဗူးနှင့် Calsome အထုပ်ကြီး(၃၀)တို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာမောင်မောင်သိန်းတို့က လက်ခံရ ယူကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်းတို့က နယ်စပ်ရေးရာဝန်ကြီးဌာန၊   ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)