လားရှိုး ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၌ Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ပိုးတွေ့မှုများပြားသည့် ဘုန်းတော်ကြီးကျောင်းများအား Rapid Test စစ်ဆေးမှုများကို ယမန်နေ့နံနက်(၁၀)နာရီတွင် ကန်မိန်းကျောင်းတိုက်၊ မြို့မကျောင်းတိုက်၊ ပန်အုပ်ကျောင်းတိုက်နှင့် တာပုံကျောင်းတိုက်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာ၌ ရှမ်းပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှုများသော မြို့နယ်(၇၁)မြို့နယ်တွင် ပါဝင်သော လားရှိုးမြို့နယ်တွင် ရောဂါစစ်ဆေးခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း အထက်အဆင့်ဆင့်၏ ညွှန်ကြားချက်အရ အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက် သွားရန်အတွက် ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာရဲအောင်ထွန်းနှင့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ လားရှိုးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ(၂၃၈၃)ဦး၊ ဆေးရုံမှဆင်းရသူ(၂၀၇၄) ဦးနှင့် ဆေးရုံ တက်ရောက်ကုသသူ (၁၆၆)ဦးရှိကြောင်း ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ သိရသည်။
ဥမ္မာချို(ခရိုင် ပြန်/ဆက်)