ရေဖြူ ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဩဂုတ် ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် (ပထမအကြိမ်) စတင်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ထိုးနှံပေးခဲ့သူများအား ဩဂုတ်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ် ဆက်လက်ဆေးထိုး နှံပေးသွား မည်ဖြစ်ပါ၍ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူများ အနေဖြင့် အ-လ-က (၁)(ဂ)ရပ်ကွက်၊ အ-ထ-က ကလိန်အောင်၊ အ-ထ-က ကံပေါက် ကျောင်းတွင် လာရောက်ထိုးနှံကြရန် မြို့နယ်ကိုဗစ် -၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက အသိပေးတိုက်တွန်းနှိုးဆော်ထားကြောင်းသိရသည်။
ဖြူဖြူရှိန်(ပြန်/ဆက်)