ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ရေတာရှည်  သြဂုတ် ၃၀

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ကို ဇူလိုင်၂၉ရက်ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးဒုတိယအကြိမ်ကို အ..က (ရေတာရှည်)ကျောင်းရှိ အောင်ဆန်းခန်းမတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။

ရေတာရှည်မြို့နယ်၌ ဆရာတော်သံဃာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ပရဟိတလူမှု ကူညီရေး အသင်းအဖွဲ့များနှင့် ပြည်သူများ စုစုပေါင်း (၁၀၄၇၀)ဦးတို့ကို ပထမအကြိမ်ကာကွယ်​ဆေးထိုးနှံပေးခဲ့ပြီး ယခုအခါကာကွယ်ဆေး ဒုတိယအကြိမ်ကို သြဂုတ်၂၇ ရက်နေ့မှစ၍  ထိုးနှံပေးလျက် ရှိကြောင်း သြဂုတ်လ ၂၉  ရက်​နေ့ အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၆၈၀) ဦးရှိ​ကြောင်း ရေတာရှည်မြို့နယ် အ​ထွေ​ထွေ အုပ်ချုပ်​ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးကြပြီး ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍၊ ရပ်ကွပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးဆု