ကျောက်တော် ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမနှင့် ပြင်ပလူနာနားနေဆောင်တို့တွင် သတ်မှတ်စုရပ်နေရာများထားရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်း Volunteer များ၊ တည်းခိုခန်း ပိုင်ရှင်များ၊ ဈေးရောင်းဖွင့်လှစ် ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အဆိုပါ ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ချနိုင်ရန်အတွက် ယခုလို ကိုဗစ်-၁၉ ကာကွယ် ဆေး (Sinopharm) ဆေးအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ ကာကွယ် လာရောက်ဆေး ထိုးနှံကြသူများအား ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေ အထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနား ယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)