တောင်တွင်းကြီး ဩဂုတ် ၃၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသွားမိဘပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေး အတွက် ရထားလမ်းပိုင်း အသီးသီးတွင် ရထားများ ပြေးဆွဲလျက်ရှိရာ ယခုထပ်မံ၍ ဩဂုတ်လ (၃၀)ရက်မှစ၍ ပျဉ်မနား-တောင်တွင်းကြီး-ပျဉ်မနား ခရီးစဉ်အမှတ်(၁၀၃)အဆန်၊ အမှတ်(၁၀၄) အစုန်လော်ကယ်ရထားအား လူစီးတွဲ(၄)တွဲ၊ ပါဆယ်ကုန်တင်တွဲ(၁)တွဲ၊ ဘရိတ်တွဲ(၁)တွဲဖြင့် စတင်ပြေးဆွဲလျက်ရှိပြီး အမှတ်(၁၀၃) အဆန်ရထားသည် ပျဉ်မနားမှ(၅:၃၀)အချိန်တွင် ထွက်ခွာပြီး တောင်တွင်းကြီးသို့ (၁၁:၃၀)အချိန်တွင် ရောက်ရှိလာရာ ရထားစီးခရီးသွား ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး Stay at Home သတ်မှတ်ထားသည့် ကာလဖြစ်သဖြင့် ရထားစီးခရီးသွား ပြည်သူများ မိမိတို့ သွားလိုသည့် ခရီးစဉ်ကို အခက်အခဲမရှိ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရထားသည် အမှတ်(၁၀၄) အစုန်ရထားအဖြစ် တောင်တွင်းကြီးမှနေ့စဉ် (၁၃:၃၀) အချိန်တွင် ထွက်ခွာ၍ ပျဉ်မနားသို့(၁၉:၃၀) အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)