တောင်ကြီး သြဂုတ် ၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း ၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၇) နာရီက ကျိုင်းတုံ ဝစီပိတ်ကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်ကြပြီး အလှူတော်ငွေ ကျပ်(၅၀) သိန်း နှင့် ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း ပေးကြကြောင်းသိရသည်။
ထို့နောက် ကျိုင်းတုံမြို့စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်နေသော Clean&Green Cities ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျိုင်းတုံမြို့နောင်ခမ်းကန် သာယာလှပရေးအဆင့်မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျိုင်းတုံမြို့စည်ပင် သာယာရေးခန်းမတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တွေဆုံရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရှမ်းပြည်နယ်မှာ တခြားမြို့၌ နေထိုင်ခြင်းမရှိသည့်တိုင်းရင်းသားများစွာနေထိုင်ကြသည့်ကို လေ့လာသိရှိရလို့ အလွန်စိတ်ဝင်စားစရာ ကောင်း ပါကြောင်း၊ ဂုံရှမ်း၊ တိုင်းနေ၊ တိုင်းလုံ၊ တိုင်းလိ၊ လွယ်၊ ပလောင်၊ ဗမာ၊ လားဟူ လီဆူ၊ ဝ၊ အာခါ၊ အားခေ၊ အဲန်စသည့် တိုင်းရင်းသားများစုပေါင်းနေထိုင်ကြပြီး ခုလိုစည်းစည်းလုံးလုံးနှင့် နေထိုင်မှုကိုတွေ့မြင်ရသည့် အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက မိမိတိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို သာမကဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်လှုပ်ရှားနေကြသည်ကို သိရလို့ ဝမ်းသာပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးတွင် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ခေတ်မီနည်းစနစ်များနှင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့်အတွက် တိုင်းရင်းသားများအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ထို့နောက် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များက တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျိုင်းတုံမြို့၊ အောက်ဆီဂျင်စက်ရုံအတွက် ငွေကျပ်သိန်း(၂၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဋ္ဌမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီထံသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ်က ပေးအပ်ရာ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌက လက်ခံရယူ၍လည်းကောင်း၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်း ချုပ်၊ ကုသရေးကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက ပေးအပ်ရာမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ တပ်တွင်းမွေးမြူထားသော ဥစားကြက်ခြံ၊ နို့စားနွားခြံ၊ ဆိတ်ခြံ၊ ဒေသကြက်မွေးမြူရေးခြံ၊ ဘဲခြံနှင့်ငှက်ပျောတစ်ရှုးခြံတို့ကို သွားရောက်ကြည့်ရှု့ကြကြောင်း သိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်း မြို့နယ်၊ ဖန်လန်းတိုးချဲ့ရွာအတွင်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း လမ်း(၂)မိုင် ×၁၆ပေ×၆ လက်မ ရှမ်း ပြည်နယ်အစိုးရ၏ ၂၀၂၀-၂၀၂၁ခုနှစ် ခွင့်ပြုရန်ပုံငွေ(၂၂၇.၀၀သန်း)ဖြင့် မင်းနိုင်ခန့်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ပြီး လမ်းနှင့်ပတ်သက်၍ ဦးအောင်နိုင်ဦးက ရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အတိုင်း ကျေးလက်နှင့်မြို့ပြကွာဟာမှုမရှိစေရန် လမ်းကောင်း မွန်ရေး၊လျှပ်စစ်မီးလင်းရေး စသည့်အချက်များဖြင့် ဖြည့်စွက်ပြောကြားပြီး ကာလိဌာနေပြည်သူ့စစ်အဖွဲ့သို့သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ပေးအပ်ရာတာဝန် ရှိသူ တစ်ဦးမှလက်ခံရယူကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)