သတင်းများ

ဒဂုံမြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
Aug 31,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့ နံနက်(၉) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား (၂၈)ရက်ပြည့်ပြီးဖြစ်သည့်အတွက် ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား (Sinopharm) ကာကွယ်ဆေးများ ဒုတိယအကြိမ် Second Dose ထိုးနှံ ပေးလျက်ရှိ
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွား နှင့် ဦးတည်အုပ်စု အလိုက် (Sinopharm) အမျိုးအစား ကာကွယ်ဆေး ပထမ အကြိမ်ထိုးပြီး(၂၈) ရက်ပြည့် ပြီးသူများကို ဒုတိယအကြိမ် ဖြစ် သော(Second Dose)များအဖြစ် ယနေ့နံနက်ပိုင်းက စုရပ်(၅)နေရာ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရှိရသည်။ 
မိုင်းယောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 31,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ ဦးဆောင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒေသခံပြည်သူ ၃၁၄ အား အ.ထ.က (မိုင်းယောင်း)၊ အ.လ.က(တပ်တွင်း)၊ ဝမ်ပုံကျေးရွာနှင့် မြို့မရပ်ကွက် ဘုန်းကြီးကျောင်း စုရပ်များ၌ ဦးစားပေးအစီအစဉ် အုပ်စုများအလိုက် ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့တွင် ဆက်လက်ထိုးနှံပေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ကမ်းပြိုဘေးနှင့် ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ သဘာဝဘေးကြောင့် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် ရေဘေးသင့် အိမ်ထောင်စုများအားလုံးအတွက် စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေ ကျပ်(၁၂)သိန်ကျော်နှင့် နှာခေါင်းစည်း Mask များ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး၌ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အသီးသီး လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းမှ ဆန်၊ဆီ၊ကြက်ဥ စသည့် စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များအသင်းနှင့်မြို့နယ်စည်ပင်သာယာ အဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအား ဆန်၊ဆီ၊ကြက်ဥစသည့် စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 31,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ အမှတ် ၄ ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံ၌ ဒုတိယနေ့ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များနှင့်  ဦးစာပေးအဆင့်အလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအား စုရပ်များခွဲ၍ ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်မှ စတင်၍ စုရပ် ၃ ခုတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။