ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ကျိုင်းတောင်း သြဂုတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်  ဦးစာပေးအဆင့်အလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်ခန့်တွင် တုန်ဟုန်းဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျိုင်းတောင်းတပ်နယ်ဆေးရုံမှ ဆေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ နှင့် ဦးစားပေးအဆင့်များတွင် ပါဝင်သော အစိုးရ/ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ် နှင့် တည်းခိုခန်းများရှိ ဝန်ထမ်းများ၊ စားသောက်ဆိုင်နှင့် ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market နှင့် ဈေးများရှိ ဝန်ထမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm(BIBP) အား ဒုတိယအကြိမ်  စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့် များတွင် ပါဝင်သူ စုစုပေါင်း  ၄၄၂   ဦးကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးနန်းဝင်း၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သီဟ