သတင်းများ

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၈၈၃)ဦးအနက် (၇၈၈)ဦးဆေးရုံ ဆင်းခွင့်ရရှိ
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာခံစားနေရသူ များမှ မြို့နယ်ပြည်သူ့ဆေးရှံကြီးသို့ ယမန်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က လာရောက်စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၄)ဦး ထပ်မံတွေရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း(၈၈၃)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။
မန္တလေးမြို့ရှိကန်တော်ကြီး သဘာဝရေပြင်အတွင်း ငါးမျိုးအကောင်ရေ(၆)သိန်း စိုက်ထည့်
Aug 30,2021
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကန်တော်ကြီး သဘာဝရေပြင် အတွင်း ငါးအကောင်ရေ(၆)သိန်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးသဘာဝရေပြင်ရှိ Royal Lake(ပြည်ကြီးမွန်ဖောင် တော်အနီး) တွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိရန် ၁၈၈ စင်တီမီတာ လိုသေးသော်လည်း မြေနိမ့်ပိုင်းဒေသများသို့ ရေများဝင်ရောက်လျက်ရှိ
Aug 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယမန်နေ့ညနေ ၆ နာရီအချိန် တိုင်းထွာချက်များအရ ၁၅၁၂ စင်တီမီတာသို့ ရောက်ရှိပြီး စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၈၈ စင်တီမီတာ လိုသေး သော်လည်း ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာများ၊ မြစ်လယ်နှင့် ရွှေတပင် ကျေးရွာရှိ မြေနုကျွန်းများတွင် ရေများဝင်ရောက် နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
မကွေးမြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုရပ်(၄)နေရာသတ်မှတ်၍ ယမန် နေ့ နံနက်(၉)နာရီမှ စတင်၍ စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးလျက်ရှိ
Aug 30,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျောင်းကုန်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ဆောင်ရွက်‌ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံနေမှုအား မြို့နယ်အဆင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု
Aug 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်းရှိအသက်၆၅နှစ်နှင့်အထက်ရှိသူများအားကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့် အထက် ရှိသူများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား ယမန် နေ့ နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင်ထိုးန ပေး လျက်ရှိကြောင်းသိရသည်။
ကျိုက်ထိုမြို့သို့ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရောက်ရှိ
Aug 30,2021
ကျိုက်ထိုမြို့နေ ကိုဗစ်-၁၉ကူးစက် ရောဂါဖြစ်ပွားနေသည့်လူနာများနှင့် အောက်ဆီဂျင် လိုအပ်သည့် လူနာများ အသုံးပြုနိုင်ရန် မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် ရပ်ဝေးရပ်နီးအလှူရှင်များမှ စု‌ ပေါင်း လှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်သည် ရန်ကုန်မြို့မှ စက်ရုံတည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဂေါတမ ဗုဒ္ဓ ရုပ်ပွားတော်အနီးရှိ ဘုရားသုံးဆူတောင်ပေါ်သို့ရောက်ရှိ လာပြီဖြစ်ကြောင်းသိရသည်။