သတင်းများ

ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 30,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင်လ ၂၉ ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက် ၉နာရီက ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆေးထိုးစုရပ် (၅)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယနေ့) ဆေးထိုးနှံခြင်းကို  ယမန်နေ့ နံနက်၁ ၀နာရီအချိန်မှ ညနေ ၂ နာရီအထိ  ပင်လုံမြို့ အထက(၁)ကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနှင့် ပင်းတလဲကျေးရွာချင်း ဆက်လမ်းပေါ်ရှိ သင်ပုန်းချောင်းကူးတံတား တည်ဆောက် လျက်ရှိ
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနှင့် ပင်းတလဲကျေးရွာချင်း ဆက်လမ်းပေါ်ရှိ သင်ပုန်းချောင်းကူးတံတား တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွားသည့် ကျေးရွာများသို့ ထောက်ပံ့ငွေများပေးအပ်
Aug 30,2021
 မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ရေကြီးရေလျှံခြင်း များဖြစ်ပွားနေသည့်အတွက်    ယမန်နေ့နေ့လည် ၂ နာရီခွဲအချိန်ခန့်က မကွေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးမောင်ထူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများသည် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေသော ကျေးရွာများသို့ သွားရောက်၍ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ဒုတိယ အကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို၊ ယမန်နေ့ နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ၊ ဆေးထိုးစုရပ်(၂)ခုဖြစ်သည့် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်ကြီးနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  မြစ်ကြီးနားမြို့သို့  ထပ်မံ လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး
Aug 30,2021
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးနိုင်ရေး အတွက် ဒုတိယအသုတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က သွားရောက်လက်ခံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်လျက်ရှိရာ ၅၀ ရာခိုင်နူန်းခန့်ပြီးစီး
Aug 30,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အောက်ဆီဂျင်စက်ရုံတည် ဆောက်ရေးကော်မတီများ ပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင် စက်ရုံတည်ဆောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅၀ ရာခိုင်နူန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပေး
Aug 30,2021
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ် မှုနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ကာ ဒုတိယခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသော်တာထက် ဦးဆောင် သော ကျန်းမာရေးဝန်ထမ်းများက အုပ်စုခွဲ၍ ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြောင်း သိရ သည်။