တံတားဦးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးလျက်ရှိ

တံတားဦး ဩဂုတ် ၃၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျောင်းကုန်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်‌ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးရွာမတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုက ကျေိးလက်နေ ပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်၊ လူနေမှုဘဝ ဖွံ့ဖြိုးလာစေရေး  မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့်  ကျေးလက်နေပြည်သူများ  တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး စသည့်တို့ကို ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များကို ရန်ပုံငွေများ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးပေးကြောင်း သိရသည် ။

ကျောင်းကုန်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၁)ဦးအား အရင်းမပျောက် ဆပ်/ထုတ်လည်ပတ်ရန်ပုံငွေ ကျပ်( ၂၅၆ )သိန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၆၆)ဦးအား အရင်းမပျောက် ဆပ်/ထုတ်လည်ပတ်ရန်ပုံငွေကျပ် (၂၃၂)သိန်း၊ စုစုပေါင်း အရင်းမပျောက် ဆပ်/ထုတ်လည်ပတ်ရန်ပုံငွေကျပ် (၄၈၈) သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည် ။

ရဲတင့်