မန္တလေး ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကန်တော်ကြီး သဘာဝရေပြင် အတွင်း ငါးအကောင်ရေ(၆)သိန်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးသဘာဝရေပြင်ရှိ Royal Lake(ပြည်ကြီးမွန်ဖောင် တော်အနီး) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများက ကန်တော်ကြီး သဘာဝရေပြင်အတွင်းသို့ ငါးအကောင်ရေ (၆)သိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင်၊ ဆည်၊တမံ အစရှိသော သဘာဝရေပြင်တွေမှာ ငါးမျိုးများစိုက်ထည့် ဆောင်ရွက် ခဲ့ပါတယ်။ ကန်တော်ကြီးသဘာဝရေပြင်အတွင်းမှာ ငါးမြစ်ချင်း၊ငါးခုံးမ၊ ရွှေဝါငါးကြင်း အစရှိတဲ့ ငါးမျိုးအကောင်ရေ(၆)သိန်း စိုက်ထည့်ခဲ့ပါတယ်၊ ယခုနှစ်မှာ တိုင်းဒေသကြီးအတွင်းရှိ သရက်ကုန်း စခန်း၊ ရေနံ့သာစခန်း၊ နတ်ရေကန်စခန်း၊ကူမဲ စခန်း အစရှိစခန်းများမှ တိုင်းဒေသကြီးအတွင်းရှိ သဘာဝရေပြင်များအတွင်း ငါးအကောင်ရေ (၂၄၀)သိန်း စိုက်ထည့်နိုင်ခဲ့ပါတယ်ဟု မန္တလေးတိုင်း ဒေသကြီးဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)