သတင်းများ

မိုးညိုမြို့နယ်အတွင်းရှိ မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားပြုလုပ်
Aug 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူအုပ်စု၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ်သဘာဝရေပြင်အတွင်း မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် (၂)လ သားအရွယ် ငါးသားပေါက်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ် ခဲ့သည်။
ပန်းခင်းစီမံချက်အရ ငပလီမြို့တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ကတ်ပြားများပြုလုပ်ပေး
Aug 30,2021
ပြည်သူတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ကတ်ပြားအား နိုင်ငံသားတိုင်း လက်ဝယ် ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းတွင် “ပန်းခင်းစီမံချက်”များ ဆောင်ရွက်လျက်ရှိရာ ငပလီမြိုတွင် လည်း ရပ်ကွက်နေ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြုပ်လုပ် ပေးခြင်းကို ဩဂုတ် ၂၈ ရက်နေ့နံနက် (၁၀) နာရီမှ ညနေ (၄:၃၀)အချိန်ထိပြုလုပ်ပေးခြင်းကို ငပလီမြို့၊ ဇီးဖြူကုန်း ရပ်ကွက် အမက(မူလွန်)ကျောင်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Aug 30,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရှေခင်၊ နမ့်ဆီလင်း၊ တာကြန့်ကျေးရွာနှင့် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်တို့တွင် ဩဂုတ် ၂၉ ရက်က အိမ်ထောင်စု လူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 30,2021
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄နာရီခွဲအချိန်ထိ ဒွါရာဝတီမြို့နယ်ခန်းမ၌ လူမျိုးမရွေး ဘာသာမရွေး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်၌ အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများစတင်ထိုးနှံပေး
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင်      အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွားများအား (Sinopharm)   အမျိုးအစား   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးပြီး (၂၈)ရက်ပြည့်ပြီးသူများကို ဒုတိယကြိမ်အဖြစ် ယနေ့နံနက် (၉) နာရီခွဲမှ စတင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဘုရားပြိုကျေးရွာမှ နှမ်းစိုက်ဧက(၁၀၀) ရိတ်သိမ်းဆောင်ရွက်နေမှုနှင့် အသစ်ထပ်မံ ရောက်ရှိလာသည့် Oxygen Plant အား ကြည့်ရှုစစ်ဆေး
Aug 30,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက  မကွေး လေတပ်စခန်းဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးကျော်ကျော်ဟန်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော် ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရ သွင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ ခရိုင် မြို့နယ် အုပ်ချုပ် ရေးမှူးများနှင့်အတူ မကွေးမြို့နယ် ဘုရားပြိုကျေးရွာမှ တောင်သူဦးဘိုအောင်၏ နှမ်းစိုက်ဧက(၁၀၀) ရိတ်သိမ်းဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေးကာ၊ နှမ်းရိတ်သိမ်း ဆောင်ရွက်နေသည့် ကျေးရွာသူ၊ ကျေးရွာသားများအား တွေဆုံ၍ အားပေးစကားပြောကာ ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစီး Mask များ တပ်ဆင် ဝေငှပေးခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အသက် ၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ပန်းတနော်မြို့၌ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွား(၂၇၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။