သတင်းများ

မကွေးမြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုရပ်(၄)နေရာသတ်မှတ်၍ ယမန် နေ့ နံနက်(၉)နာရီမှ စတင်၍ စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးလျက်ရှိ
Aug 30,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျောင်းကုန်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ဆောင်ရွက်‌ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံနေမှုအား မြို့နယ်အဆင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု
Aug 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်းရှိအသက်၆၅နှစ်နှင့်အထက်ရှိသူများအားကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့် အထက် ရှိသူများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား ယမန် နေ့ နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင်ထိုးန ပေး လျက်ရှိကြောင်းသိရသည်။
ကျိုက်ထိုမြို့သို့ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရောက်ရှိ
Aug 30,2021
ကျိုက်ထိုမြို့နေ ကိုဗစ်-၁၉ကူးစက် ရောဂါဖြစ်ပွားနေသည့်လူနာများနှင့် အောက်ဆီဂျင် လိုအပ်သည့် လူနာများ အသုံးပြုနိုင်ရန် မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် ရပ်ဝေးရပ်နီးအလှူရှင်များမှ စု‌ ပေါင်း လှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်သည် ရန်ကုန်မြို့မှ စက်ရုံတည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဂေါတမ ဗုဒ္ဓ ရုပ်ပွားတော်အနီးရှိ ဘုရားသုံးဆူတောင်ပေါ်သို့ရောက်ရှိ လာပြီဖြစ်ကြောင်းသိရသည်။
မလှိုင်မြို့နယ်၌ အသက်( ၆၅ ) နှစ်နှင့်အထက် အဘိုးအဘွား များအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံ
Aug 30,2021
 မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အသက်( ၆၅ ) နှစ်နှင့်အထက် အဘိုးအဘွားနှင့် ဦးတည်အုပ်စုအလိုက် (Sinopharm) အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး(၂၈) ရက် ပြည့် ပြီးသူများကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းက စုရပ်(၄)နေရာ၌ ကာကွယ်ဆေး များ ထိုးနှံပေးခဲ့ကြောင်းသိရသည် ။
မိုင်းခတ်မြို့နယ် လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်း
Aug 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သော မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းသို့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ရင်း(ကျိုင်းတုံ)မှ Maskအခုရေ(၁၀၀၀)၊ HandGel(၅)ဗူး၊ ပိုးသတ် ဆေး(၅)ဗူးနှင့်ဆေးဖြန်းပုံး(၁)ပုံးတို့ကို ဩဂုတ် ၂၈ရက် နေ့ညနေကပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။