မအူပင် သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့် အထက် ရှိသူများအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား ယမန်နေ့ နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင်ထိုးန ပေး လျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ ကျော်စွာလွင်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် အသက် ၆၅နှစ်နှင့်အထက်အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီးနောက် ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံ ပေးခဲ့ပြီးမိနစ်၃၀အနားယူစေပြီးစိတ်ချသည့်အခြေအနေရောက်ရှိမှသာစနစ်တကျပြန်ခွင့်ပြုထားကြောင်းသိရသည်။
မအူပင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ် ကျောင်းရွာ(အ.ထ.က)ကျောင်း၊ မလတ်တို(အ.ထ.က)ကျောင်း၊ ရွှေတောင်မှော်(အ.ထ.က)ကျောင်း၊ကျွဲဒုံး(အ.ထ.က)ကျောင်း၊
လက်ပံကုန်း(အ.ထ.က)ကျောင်း၊ မအူပင်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စသည့်နေရာများတွင် အဖွဲ့(၆)ဖွဲ့၊နေရာ(၆)နေရာခွဲပြီး အုပ်စုပေါင်း(၈၈)အုပ်စုများအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး မအူပင်မြို့ပေါ်အနေဖြင့် ယနေ့ တွင်အသက်၆၅နှစ်နှင့်အထက် (၁၅၆)ဦးခန့်ထိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)