သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင် ဌာနဆိုင်ရာဝန်ထမ်းများ    ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test  Kit ဖြင့် စစ်ဆေးနေမှုအား သွားရောက်ကြည့်ရှု
Aug 30,2021
မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့နံနက်၁၁နာရီက မော်လမြိုင်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Antigen  Diagnostic Test Kit ဖြင့်စစ်ဆေးပေးခြင်းကို သွားရောက်ကြည့်ရှုခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Aug 30,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းဆောင်ရွက်ထားသော ကမ်းထိန်းနံရံ အလျား(၁၀)ပေခန့် နိမ့်ကျမှုဖြစ်ပေါ်လျက်ရှိ
Aug 30,2021
 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်း ဆောင်ရွက်ထားသော ကမ်းထိန်းနံရံမှာ ယမန်နေ့ညနေက အလျား (၁၀) ပေခန့် နိမ့်ကျမှုဖြစ်ပေါ် လျက်ရှိကြောင်းသိရှိရသည်။
သန်လျင်၌ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး  Sinopharm အားထိုးနှံပေးခြင်းဆောင်ရွက်ပြီးစီး
Aug 30,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး Sinopharm ကို သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော် ကြီးတွင် သြဂုတ် ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ လူဦးရေစုစုပေါင်း ၁၀၂၉၀ ဦးတို့အား ထိုးနှံပေး နိုင်ခဲ့ကြောင်း ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 30,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်ကုန်ထုတ် လုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ဟွာလ်ဇိက်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးမည်
Aug 30,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၁ ရက်နေ့ နံနက်၉ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ စုရပ်(၅)ခုတွင် လူမျိုးဘာသာမရွေး ထိုးနှံပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံထံမှ သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် Test Kit ဖြင့် ရောဂါစစ်ဆေးပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကျေးရွာများအရောက် ကွင်းဆင်းရှာဖွေ စစ်ဆေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။