ရေနံချောင်းမြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွားသည့် ကျေးရွာများသို့ ထောက်ပံ့ငွေများပေးအပ်
Aug 30,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ရေကြီးရေလျှံခြင်း များဖြစ်ပွားနေသည့်အတွက် ယမန်နေ့နေ့လည် ၂ နာရီခွဲအချိန်ခန့်က မကွေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးမောင်ထူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများသည် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေသော ကျေးရွာများသို့ သွားရောက်၍ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။