နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၈၈၃)ဦးအနက် (၇၈၈)ဦးဆေးရုံ ဆင်းခွင့်ရရှိ

နတ်မောက်  သြဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာခံစားနေရသူ များမှ မြို့နယ်ပြည်သူ့ဆေးရှံကြီးသို့  ယမန်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က လာရောက်စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၄)ဦး ထပ်မံတွေရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း(၈၈၃)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။                                                                                                                       

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ ရပ်ကွက်/ကျေးရွာများရှိ အတည်ပြုလူနာ            စုစုပေါင်း (၄)တို့မှာ  သမှုန်းကုန်းကြီးကျေးရွာ( ၁) ဦး၊ ကပေါင်းကုန်းကျေးရွာ(၁)ဦး၊  ကျွဲမင်းကျကျေးရွာ       ( ၁) ဦး၊ ဖတ်တောရေကျေးရွာ(၁)ဦးတို့ဖြစ်သည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာစုစုပေါင်း(၈၈၃)ဦးရှိပြီး၊ ဆေးရုံဆင်း(၇၈၈)ဦး၊ ယနေ့အထိပိုတွေ့သူများကို ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာတို့တွင် (၄၂)ဦးထားရှိပြီး သေဆုံးသူ(၅၃)ဦး အထိရှိလာပြီ  ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

လှဝင်း  (နတ်မောက်)