ကျိုက်မရောမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 30,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဦးစားပေး အစီအစဉ်တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ စျေးရောင်းသူများ၊ ပြည်သူများနှင့် အများဆုံး ထိတွေ့ဆက်ဆံရသော ယာဉ်မောင်းယာဉ်နောက်လိုက်များနှင့် ပရဟိတအဖွဲ့ဝင်များ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများအား ယနေ့နံနက်၉နာရီက ကျိုက်မရောမြို့ပေါ်ရှိ ရသေ့ကျောင်းတိုက်နှင့် ကလိုင်းကနိုင် မူလွန်ကျောင်းခန်းမ၌ ကိုဗစ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက် ရှိသည်။