သတင်းများ

မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝင်းအတွင်း၌ စုပေါင်းရုံး(၄)ထပ်ဆောင်အသစ် တည်ဆောက်နေမှု (၄၀)ရာခိုင်နှုန်းကျော်ပြီးစီး
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောက်လုပ် လျက်ရှိသော စုပေါင်းရုံး RC(၄)ထပ်ဆောင် အသစ်တည်ဆောက်နေမှု လုပ်ငန်းအားလုံး (၄၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတို/ရေရှည်စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက်
Aug 31,2021
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည်စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေပြင်အသက်ကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင်းခြင်း သရုပ်ပြပွဲနှင့် ပိုလန်နိုင်ငံထုတ် အဆင့်မြှင့်မီးသတ်ယာဉ်များအား လှည့်လည်ကြည့်ရှု့စစ်ဆေး
Aug 31,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပဲခူးမြို့အတွင်းရှိ မဇင်းဆည်တွင် ပဲခူးတိုင်းဒေသကြီးမီးသတ် ဦးစီးဌာနနှင့် ပဲခူးမြို့ပေါ်ရှိ ရှာဖွေကယ်ဆယ်ရေး အသင်းအဖွဲ့များ ပူးပေါင်း၍ Fireboat နှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များ မောင်းနှင်ပြသခြင်း၊ အမျိုးသမီးတပ်ဖွဲ့ဝင်များမှ Fireboat မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ ရေမျောလာသူအား အသက်ကယ် ဘောကွင်းများ အသုံးပြု၍ ကယ်ဆယ်သရုပ်ပြခြင်း၊ အသက်ကယ်လှေပေါ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရေနစ်သူများအား ဆင်းသက် ကယ်ဆယ်နေမှု သရုပ်ပြခြင်း၊ ခါးကျိုးလူနာအား ကယ်ဆယ်သရုပ်ပြခြင်းနှင့် Lifebuoy ကိုအသုံးပြု၍ ရေနစ်နေသူအား ကယ်ဆယ်နေမှုသရုပ်ပြခြင်းစသည့် ရေပြင် သက်ကယ် ရှာဖွေကယ်ဆယ်ရေး ဆက်တိုက်လေ့ကျင့်ခြင်း၊ သရုပ်ပြခြင်းတို့ကို အားပေး ကြည့်ရှု့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှု မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးတက်ရောက်
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှုမြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ယင်းမာပင်ခရိုင်များမှ မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် အစာထုတ်လုပ်ရောင်းချသူများ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် Oxygen Concentrators အပါအဝင် ဆေးဝါးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 31,2021
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးအတွက် Oxygen Concentrators (10-Liter)၊ ဆန်နှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေး
Aug 31,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ တိုက်ပွဲရှောင်စခန်းများမှ အသက်(၄၅)နှစ် နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ကျိုင်းတုံ မြို့ပေါ်ရှိတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့နှင့်တွေ့ဆုံ
Aug 30,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း ၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၇) နာရီက ကျိုင်းတုံ ဝစီပိတ်ကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်ကြပြီး အလှူတော်ငွေ ကျပ်(၅၀) သိန်း နှင့် ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း ပေးကြကြောင်းသိရသည်။
မိုင်းရှူးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(စတုတ္ထနေ့)ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ (၃:၀၀)နာရီအထိမိုင်းရှုးမြို့၊ ရပ်ကွက်(၁)၊ တရုတ်ဘုံ ခန်းမ၌ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။