မိုင်းယောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 31,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ ဦးဆောင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒေသခံပြည်သူ ၃၁၄ အား အ.ထ.က (မိုင်းယောင်း)၊ အ.လ.က(တပ်တွင်း)၊ ဝမ်ပုံကျေးရွာနှင့် မြို့မရပ်ကွက် ဘုန်းကြီးကျောင်း စုရပ်များ၌ ဦးစားပေးအစီအစဉ် အုပ်စုများအလိုက် ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့တွင် ဆက်လက်ထိုးနှံပေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။