သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူ ၇၁၄ ဦးအား စပါးနှင့် အခြားသီးနှံစိုက်ပျိုးရန်အတွက် မိုးသီးနှံ ချေးငွေ စုစုပေါင်း ၅၆၁၀၅၀၀၀၀ ထုတ်ချေးပေးပြီးဖြစ်
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဇွန်လ(၁၀)ရက်နေ့က စတင်ပြီး မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေး လျက်ရှိရာ ယခု ဩဂုတ်(၃၁)ရက်နေ့အထိ ဒေသခံတောင်သူ ဦးရေ စုစုပေါင်း ၇၁၄ ဦးအား ချေးငွေကျပ်ပေါင်း ၅၆၁၀၅၀၀၀၀ ထုတ်ချေးပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ် ဘဏ်မန်နေဂျာ ဦးစန်းသော် ထံက သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့ ရေကြီးရေလျှံမှု ဖြစ်ပွား
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ယမန်နေ့ ညဦးပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက်(၃)နာရီအချိန်တွင် လျှော်ပင်ကျေးရွာအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့တွင် ဧရာဝတီမြစ်ရေတိုးမြှင့်ဝင်ရောက်လာမှုကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရန် ၃၇ စင်တီမီတာ သာလို​
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေ တိုးမြှင့်ဝင်ရောက်လာမှုကြောင့် မြေနိမ့်ပိုင်းဖြစ်သော မြစ်ရေဝင် အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ်(၈)ရပ်ကွက် အသီးသီးတို့မှ အိမ်ထောင်စုများသည်​ ရေ​​ဘေး​ရှောင်ရန် ကြိုတင်ပြင်ဆင်မှုများ​ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့မဈေးကြီးအတွင်း ယခင်မီးလောင်မှုဖြစ်ပွား၍ ကျန်ခဲ့သည် ဈေးဆိုင်ခန်းများအတွင်းရှိ ကတ်စက္ကူများ မီးလောင်မှုဖြစ်
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မဈေးကြီးအတွင်း ယခင်မီးလောင်မှုဖြစ်ပွား၍ ကျန်ခဲ့သည် ဈေးဆိုင်ခန်းများအတွင်းရှိ ကတ်စက္ကူများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 31,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့ ဆရာစံခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များ အတွက် ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက်၊ ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံ မျက်နှာစာတွင် ပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံရှိ Oxygen Plant နှင့် အဆောက်အဦး ၁၀၀ ရာခိုင်နှုန်းတပ်ဆင် တည်ဆောက်ပြီးစီး၍ စတင်ဖွင့်လှစ်လည်ပတ်နေ
Aug 31,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား ဆေးကုသပေးရာတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်မြို့နေ ဦးတင်မောင်+ဒေါ်စီစီမိုး (XIE family Company Ltd) ရှယ်မိသားစုကုမ္ပဏီမှ လှူဒါန်းသည့် မြို့နယ်ပြည်သူ့ဆေးရုံရှိ Oxygen Plant နှင့် အဆောက်အဦးသည် ၁၀၀ ရာခိုင်နှုန်းတပ်ဆင် တည်ဆောက်ပြီးစီးရာ ယမန်နေ့တွင် စတင်လည်ပတ် လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန်အတွက် အလှူရှင်များ လှူဒါန်းသည့် အောက်ဆီဂျင်စက် မြိတ်ပြည်သူ့ဆေးရုံ ရောက်ရှိတပ်ဆင်
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန်အတွက် စေတနာရှင်လှူဒါန်းငွေများဖြင့် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားသည့် အောက်ဆီဂျင်စက်သည် ယမန်နေ့ ညပိုင်းတွင် မော်တော်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိလာခဲ့သည်။