သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ကျိုင်းတုံမြို့နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ
Aug 30,2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် ကျိုင်းတုံမြို့နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဩဂုတ် ၂၉ ရက်က မြို့နယ်စည်ပင်သာယာခန်းမ၌ တွေ့ဆုံသည်။
ဝန်းသိုမြို့နယ်တွင် မိုးစပါးလျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး
Aug 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း စံပြကွက်များနှင့် မျိုးထုတ်ကွက် စိုက်ခင်းများတွင် တစ်ဧကတင်း ၁၀၀ထွက်ရှိရေးအတွက် ဓာတ်မြေဩဇာထည့်သွင်းကြဲပက်ခြင်း၊ အပင်ပွှားနှုန်းစစ်တမ်းကောက်ယူခြင်းနှင့် ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး Yellow Sticker များအခမဲ့ပေး ဝေခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Aug 30,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲတမ်းရရှိထားသော ဆေး ၈၀၀လုံးကို ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ နှင့် လူမှုရေးအသင်းအဖွဲ့များအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ဩဂုတ်လ ၁ ရက်နေ့က ပထမအကြိမ်အဖြစ် ထိုးနှံပြီးဖြစ်ရာ၊ ဒုတိယအကြိမ် အဖြစ် ယမန်နေ့ ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံ ဖွင့်လှစ်
Aug 30,2021
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် အောက်စီဂျင်လိုအပ်ချက် ပြည့်မီဖူလုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ ၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံအား ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့က ဖွင့်လှစ်ပေးခဲ့ကြသည်။
မြစ်ကြီးနား အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 30,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဆီဆိုင်မြို့၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ လျော့နည်းလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၂၂ ဦးရှိလာ
Aug 30,2021
​​​​​​​ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၂၂ ဦး ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်
Aug 30,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးစီးသော ပူးပေါင်း အဖွဲ့ သည် ဩဂုတ် ၂၈ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် ငါးခူရကျေးရွာနှင့် ကြိမ်ချောင်း ကျေးရွာများရှိ ပြည်သူများ သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။