ကလေးမြို့၌ မြစ်သာမြစ်(ပြင်သာ)ရေ အနည်းငယ်မြင့်တက်သော်လည်း စိုးရိမ်ရေ အမှတ်အောက်တွင်ရှိ

ကလေး ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင် မိုးများရွာသွန်းနေပြီး  လွန်ခဲ့သော ၂၄ နာရီအတွင်း မြစ်သာမြစ်ရေ(ပြင်သာ)သည် +၃၉ စင်တီမီတာ (၁.၃ ပေ) မြင့်တက်ခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။

မြစ်သောမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်သည် (၁၁၀၀) စင်တီမီတာဖြစ်ပြီး ယနေ့ နံနက် တိုင်းတာချက်အရ (၅၂၁) စင်တီမီတာတွင် တည်ရှိနေသောကြောင့် စိုးရိမ်ရေအမှတ်အောက် (၅၇၉) စင်တီမီတာ(၁၉ ပေ)  တွင်တည်ရှိနေကြောင်းသိရသည်။

မောင်ကျော်