သတင်းများ

ရွာငံမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံ အားကစားရုံဆောက်လုပ်မှုနှင့် ဘောလုံးကွင်း မြေညှိခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး
Aug 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့ အားကစားဝင်း အတွင်း မိုးလုံလေလုံ အားကစားရုံအား လင်းမြတ်နိုင် တင်ဒါအောင် ဆောက်လုပ်ရေး ကုမ္ပဏီက ခွင့်ပြုရန်ပုံငွေကျပ် (၃၅၂.၈၀၀)သန်းနှင့် အလျား၂၀၀ပေ၊ အနံ ၁၀၀ပေနှင့် ခေါင်းမိုးအမြင့် ၃၀ပေရှိ Steel Structure အဆောက်အဦအမျိုးအစားကို တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းများ ၈၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပျဉ်မနား-တောင်တွင်းကြီး-ပျဉ်မနား အမှတ် (၁၀၃)အဆန်၊ အမှတ်(၁၀၄) အစုန်လော်ကယ်ရထား စတင်ပြေးဆွဲ
Aug 30,2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသွားမိဘပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်း အသီးသီးတွင် ရထားများ ပြေးဆွဲလျက်ရှိရာ ယခုထပ်မံ၍ ဩဂုတ်လ (၃၀)ရက်မှစ၍ ပျဉ်မနား-တောင်တွင်းကြီး-ပျဉ်မနား ခရီးစဉ်အမှတ်(၁၀၃)အဆန်၊ အမှတ်(၁၀၄) အစုန်လော်ကယ်ရထားအား လူစီးတွဲ(၄)တွဲ၊ ပါဆယ်ကုန်တင်တွဲ(၁)တွဲ၊ ဘရိတ်တွဲ(၁)တွဲဖြင့် စတင်ပြေးဆွဲလျက်ရှိပြီး အမှတ်(၁၀၃) အဆန်ရထားသည်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးမည်
Aug 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် သံသယရှိသူ မည်သူ့ကိုမဆို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိအား နှာခေါင်းတို့ဖတ် ရယူ၍ ယနေ့မှ စတင်၍ အမှတ်(၄)ရပ်ကွက်ရုံး၌ Test Kit ဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးနေပြီဖြစ်သည်။ 
ဒလမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများရှိ ကိုဗစ်-၁၉ အရေးပေါ် လူနာများ အသုံးပြုရန် အောက်ဆီဂျင်စက်များ ပေးအပ်လှူဒါန်း
Aug 30,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ အရေးပေါ်လူနာများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ အောက်ဆီဂျင်စက်များနှင့် ဆက်စပ်ပစ္စည်းများကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ပေးအပ်လှူဒါန်းခဲ့သည်။
ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 30,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ကို ဇူလိုင်၂၉ရက်ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးဒုတိယအကြိမ်ကို အ.ထ.က (ရေတာရှည်)ကျောင်းရှိ အောင်ဆန်းခန်းမတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
ရိခေါ်ဒါရ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 30,2021
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 30,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံမှုအား ယနေ့နံနက်(၉)နာရီက ရွှေကူမြို့နယ် မြို့တော်ခန်းမတွင် စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ
Aug 30,2021
ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  မထိုးနှံရ  သေးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက  မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။