ကောလင်း စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံခြင်းကို သြဂုတ်လ ၃ရက်နေ့မှ စ၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် သတ်မှတ်ထားရှိသော ဆေးထိုးစုရပ်များ၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm)အား အမျိုးသား ၈၈၉ ဦး၊ အမျိုးသမီး ၁၀၁၂ ဦး စုစုပေါင်း ၁၉၀၁ဦး ပထမအကြိမ် ထိုးနှံခဲ့ပြီးသူများအနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့စက်တင်ဘာ ၃ရက်နေ့တွင် မပျက်မကွက် လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ပြည်သူများလိုက်နာ ဆောင်ရွက်ရမည့် ကျန်းမာရေး သတ်မှတ်ညွှန်ကြားချက်များအတိုင်း လူစုလူဝေးမဖြစ်စေရေး မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ပြီး ဆေးထိုးစုရပ်အသီးသီး၌ ကာကွယ်ဆေး ထိုးရာတွင် ပါဝင်ဆောင်ရွက်ကြသော ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ကူညီဆောင်ပေးခဲ့ကြကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)