မြင်းမူမြို့တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

မြင်းမူ စက်တင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ သတ်မှတ်အုပ်စုတွင် ပါဝင်သောသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို    စက်တင်ဘာလ()ရက်နေ့မှ စတင်ကာ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် စုရပ်များအနေဖြင့်မြင်းမူမြို့အနောက်ပိုင်းရပ်ကွက်ရှိ အထက() အထက() မိုးလုံလေလုံအားကစားခန်းမ၊ တောင်ပိုင်းရပ်ကွက်ရှိ စွန်းလွန်းကျောင်းတိုက်ဓမ္မာရုံ၊ မြောက်ပိုင်း ရပ်ကွက်ရှိ အမက( ) ကျောင်းများအား သတ်မှတ်ထားရှိပြီး     ကျန်းမာရေးဝန်ထမ်းများ နှင့်အတူ  ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ သတ်မှတ်အုပ်စုတွင်ပါဝင်သည့် ဆရာတော်/ သံဃာတော်များ၊ မယ်သီလရှင်များ အသက်(၆၅)နှစ်နှင့်အထက်အဘိုး/အဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းနှင့် မိသားစုဝင်များ၊ လူမှုကူညီရေး အသင်းသားများအား ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်းသိရှိရသည်။

 

ဦးတည်အုပ်စုတွင် ပါဝင်သူများကို ပထမအကြိမ်တွင်(၂၀၀၀)ဦး၊ ဒုတိယအကြိမ်တွင် (၁၅၀၀)ဦး၊ တတိယအကြိမ်တွင် (၁၀၀၀)ဦးနှင့် (ယခု)စတုထ္တအကြိမ်တွင်(၁၀၀၀)ဦး စုစုပေါင်း(၅၅၀၀)ကို ထိုးနှံပြီးဖြစ်ရာ  (၄၅)ရာခိုင်နှုန်း ထိုးနှံပေးနိုင်ခြင်းဖြစ်ကြောင်း၊ တစ်ကြိမ် ဆေးထိုးပြီးသူတိုင်းကို(၂၈)ရက်အကြာတွင်  ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့် အဖွဲ့အစည်းများကို  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက သောက်ရေသန့်နှင့်အာဟာရမုန့်များ လာရောက်ပေးပို့လှူဒါန်း လျက်ရှိကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရှိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ   ထပ်မံရောက်ရှိလာပါက  ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ  ဦးရဲကိုကိုကပြောကြားခဲ့သည်။

အောင်စိုးဖေ (မြင်းမူ)