တောင်တွင်းကြီး စက်တင်ဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ယနေ့ နံနက်ပိုင်းကပန်းခင်း စီမံချက်ဖြင့် တည်တော(၁)အုပ်စုမှ ဒေသခံပြည်သူများကို အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များနေ့ချင်းပြီးအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးနေကြောင်း သိရပြီး ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး၏အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့ကမြို့နယ်ရုံးသို့လာရောက်ပြုလုပ်သော ဒေသခံပြည်သူများကို အထောက် အထားများစိစစ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြား(၁၃)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကိုနေ့ချင်းပြီး အ ခမဲ့ စနစ်တကျပြုလုပ်ဆောင်ရွက်ကာ မြို့နယ်ဦးစီးမှူးဦးကျော်ထူးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားလက်ဝယ် ကိုင်ဆောင်ခွင့်ရရှိစေရေး အတွက် “လူမှုဘဝ ဖွံ့ဖြိုးဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဟူသော ဆောင် ပုဒ်နှင့် အညီပန်းခင်းစီမံချက်ဖြင့် ပြည်သူများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရုံး၌ နေ့စဉ်ဆောင်ရွက်ပေးနေသည့်အပြင် သွားလာရေး အခက်အခဲရှိသည့် ကျေးရွာများကိုလည်း ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)