ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ဇူလိုင် ၃၁ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာ ၃ရက်နေ့တွင် ခရိုင်အတွင်းခွဲတမ်းရရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ၁၂၆၆ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရ သည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုအသက်၆၅နှစ်အထက် ဘိုးဘွားများ၊နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများကိုသတ်မှတ်စုရပ် ၁၂ နေရာ တွင် တာဝန်ရှိသူများကတစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးခြင်း မပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းများဆောင်ရွက်ကာ ပုံမှန်အ နေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများက ကာကွယ်ဆေးထိုးမည့်စုရပ်အသီးသီးအား ကျောက်ပန်းတောင်း၊ ညောင်ဦးဝန်ထမ်းများက မိမိတို့သက်ဆိုင်ရာမြို့နယ်များအတွင်း အသံချဲ့စက်ဖြင့်လှည့် လည်ဆော်ဩပေးခဲ့ရာ ဆေးထိုးလာရောက်သည့် အသက် ၆၅နှစ်အထက်သက်ကြီးဘိုး ဘွားများ ဆေးထိုးလာရောက်မှုများပြားခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ကရှင်းပြသည်။
ညောင်ဦးခရိုင်အတွင်း ဆေးရရှိမှုအပေါ်မူတည်ပြီး ရပ်ကွက်/ကျေးရွာနေပြည်သူ များကိုဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်ကြောင်း ၊ ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးခွဲတမ်း Sinopharm ဆေးအလုံးရေ ၁၆၀၀ လုံးရရှိပြီး၊ဒုတိယအကြိမ် လူဦးရေ ၃၂၀၀ ဦးထိုးနှံပြီးစီးပြီဖြစ်ကြောင်းသိရကာ၊ ညောင်ဦး ခရိုင်အတွက် နောက်ထပ်ရောက်ရှိမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးခွဲတမ်းများကိုလည်း သတ်မှတ်စုရပ် ၁၂ နေရာတွင်ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ကာကွယ်ဆေးထိုးရာတွင် စနစ်တကျရှိစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဘော်လန်တီယာများ၊ လူမှုအကျိုး ပြုအသင်းများဖြင့် စနစ်တကျ ဆောင်ရွက်ပေးနေ ကြောင်းသိရသည်။
ကိုထိန်၊KPD