တာလေမြို့၌ “တားဆီ၊ကယ်တင်၊ကူညီရေး၊လူကုန်ကူးခံရသူအသံနားထောင်ပေး” အသိပညာပေး ဆိုင်းဘုတ် စိုက်ထူ
Sep 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင် တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့နှင့် တာလေမြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍“တားဆီး၊ကယ်တင်၊ကူညီရေး လူကုန်ကူးခံရသူအသံနားထောင်ပေး” အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာလေမြို့အတွင်း ယနေ့နံနက် ၁၀ နာရီအချိန်က တာလေ တံတားထိပ်တွင် စုပေါင်း ဆောင်ရွက်ကြသည်။