သတင်းများ

မေတ္တာမြို့တွင် (၆၅)နှစ် နှင့်အထက်ဘိုးဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊မေတ္တာမြို့တွင် စက်တင်ဘာလ (၇)ရက်နေ့ နံနက်၉နာရီအချိန်က အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့်ဦး စားပေးအဆင့်အလိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်သို့ အလှူရှင်များမှ ဝယ်ယူထားသော Oxygen Plant စက်သစ် ရောက်ရှိ
Sep 07,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်၍ အခက်အခဲ မရှိစေရန်အတွက် မြို့နယ်သံဃနာယကဆရာတော်များမှ ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူထားသော Oxygen Plant စက်သစ်ကို ယမန်နေ့က လှိုင်းဘွဲမြို့သို့ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို လူဦးရေ(၄၇၆၇)ဦး ထိုးနှံပြီးစီး
Sep 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ကလေးမြို့ကုတင်(၃၀၀)ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများ ဒုတိယပတ် ဒုတိယနေ့ဆက်လက်ထိုးနှံတိုက်ကျွေးပေး
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌  မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင်  ​ယနေ့ နံနက်နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ  ကာကွယ်ဆေးများ ဒုတိယပတ် ဒုတိယနေ့ ဆက်လက်ထိုးနှံတိုက်ကျွေးခဲ့ကြောင်းသိရသည်။ 
ဟိုပုံးကိုရင်လေး၏ ဆောင်ရွက်ဆဲ သာသနာပြုလုပ်ငန်းများနှင့် ဖွံ့​ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စငေါကျေး ရွာအုပ်စု၊ ဟိုတိကျေးရွာရှိ လောကနာထဘုရား ဓမ္မာရုံတွင် သာသနာပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် နိုင်ရေးညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွှဲ (၁)နာရီခွဲအချိန်က အဆိုပါ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစားကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 07,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အမျိုး အစားကို ဒုတိယအကြိမ်အဖြစ် ဦးစားပေးအုပ်စု အလိုက် ဆက်လက် ထိုးနှံပေးခြင်းကို မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာ အ.ထ.က ကျောင်း၌ ယ‌မန်နေ့နံနက် ၉ နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ရက်တိုးမြှင့်၍ ဒုတိယအကြိမ်ကာကွယ်ဆေးများ ထိုးနှံပေး
Sep 07,2021
 မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာ ၉ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်၍ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌  ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများအား ယနေ့ နံနက်(၉) နာရီက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့သည်။
ပုပ္ပားတောင် ငဝရေထွက်နှင့်ကြို့ချောင်းရေထွက်များမှ မြို့ရေပေးရေးအတွက်သွယ်ယူသည့် ၁၀လက်မရေပိုက်လိုင်း ချောင်းရေကြောင့်ပြတ်တောက်သွားခဲ့သဖြင့် အမြန်ပြုပြင်ဆောင်ရွက်
Sep 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့နေလူထုသောက်သုံးရန်အတွက်၊ ငဝစမ်းရေထွက်နှင့်ကြို့ချောင်း ရေထွက်များမှ ရေသွယ်ယူသည့်၊ ၁၀လက်မ ရေပိုက်လိုင်းမှာ မိုးရွာသွန်းမှုများပြားပြီး ချောင်းရေကျဆင်းမှုကြောင့် ချောင်းရေ တိုက်စား ပြတ်တောက်သွားခဲ့သဖြင့်၊ မြို့နယ်စည်ပင်သာယာရေအဖွဲ့အမှုဆောင်အရာရှိ ဦးချမ်းငြိမ်း၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါလုပ်ငန်းတွင် ကူညီဆောင်ရွက်နေသည့်မြို့မိ မြို့ဖ တစ်ဦးထံက သိရသည်။