သတင်းများ

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံကြေညာပေးလျက်ရှိ
Sep 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေး ပန်ကြားချက်များကို
ကော့သောင်းမြို့တွင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဂျင်ကလိ ပြုလုပ်နေသူတစ်ဦး ဖမ်းဆီးရမိ
Sep 08,2021
ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပုလဲအတွင်းလမ်းတွင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဂျင်ကလိ ပြုလုပ်နေသူတစ်ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းက ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ တည်ဆောက်လျက်ရှိ
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံအ ဆောက်အအုံ တည်ဆောက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
တာချီလိတ်မြို့တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်း စီမံချက် ဆိုင်းဘုတ်စိုက်ထူ
Sep 08,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ခရိုင်နှင့်မြို့နယ်ဦးစီးဌာနရုံးတို့နှင့်အတူ ဌာနဆိုင်ရာများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့"  ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့သည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 08,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ကျောက်တန်းမြို့နယ်တွင် စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့်လုပ်သား များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံ အလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( Sonovac) ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက သတ်မှတ်နေရာ ၃ နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့ မြို့မဈေး၊ ယာယီပျံကျ‌‌ ဈေးနှင့် မြို့ဝင်/ထွက်ဂိတ်များတွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ အခမဲ့စစ်ဆေးပေး
Sep 08,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ ၆ ရက် နေ့ နံနက်ပိုင်းက တနိုင်းမြို့မ စည်ပင်သာယာဈေးကြီးနှင့် ယာယီပျံကျဈေးတို့ရှိ ဈေးသည်နှင့်ဈေးဝယ် ကျား(၄၇)ဦးနှင့် မ (၆၇)ဦး ပေါင်း(၁၁၀) ဦးတို့အား  RDT Test Kit  ဖြင့် ကိုဗစ်-၁၉ အခမဲ့ စစ်ဆေးပေးခဲ့ရာ အမျိုးသမီး(၂)ဦးတွင် ပိုးတွေ့ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ် လောကနန္ဒာစာသင်တိုက်နှင့် အလိုတော်ပြည့်ကျောင်းတိုက်ရှိ ဆရာတော်များကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 08,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပုဂံမြို့လောကနန္ဒာစာသင်တိုက်နှင့် အလိုတော်ပြည့် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ယနေ့ နံနက် ၇ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ သွားရောက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။