ပုသိမ်ကြီး စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ တောင်သူများအား တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁နာရီက မြနန္ဒာနည်းပညာပေး ရှေ့တန်းစခန်း၌ ကျင်းပသည်။
မြို့နယ်အတွင်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး၊ ဧက(၁၀၀)စိုက်ကွင်း တောင်သူများအား မျိုးကောင်း၊ မျိုးသန့်သုံးစွဲရေး၊ စိုက်ပျိုးရေးသွင်းအားစုများအား အလေအလွင့် နည်းပါးစေရေးနှင့် ပိုမို အကျိုးသက်ရောက်စေရန်အတွက် သဘာဝမြေဩဇာများ ပြုလုပ်၍ တွဲဖက်အသုံးပြုရန် တောင်သူများ အား နည်းပညာပေးဆွေးနွေးကာ တာဝန်ရှိသူများက ပုလဲဓာတ်မြေဩဇာ အိတ်(၁၀၀)အား တောင်သူများထံ အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။
ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာသို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးမင်းကြည်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးချစ်ဆွေဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှိုင်မြင့် နှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်