သတင်းများ

ကျောက်ဖြူမြို့တွင် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 07,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နယ်မြေခံ တပ်ရင်း၊တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ခလရ(၃၄) တပ်ရင်းသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုလောမြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင် အသုံးပြုရန် လီတာ ၄၀ ၀င် အောက်ဆီဂျင်အိုး အလုံး(၁၀၀)  ထောက်ပံ့ လှူဒါန်း
Sep 07,2021
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ပုလောမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပြုရာတွင် အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး အတွက် အသုံးပြုနိုင်ရန်  လီတာ ၄၀ ၀င် အောက်ဆီဂျင် အိုး အလုံး(၁၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ပြည်သူ(၇၈၇၈)ဦးအား ဒုတိယအကြိမ် အောင်မြင်စွာ ထိုးနှံပြီးစီး
Sep 07,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ နှင့် ဦးစားပေး အုပ်စုအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ်ထိုးနှံပေးမှုကို ဩဂုတ်လ(၂၇)ရက်နေ့ မှစက်တင်ဘာ (၆)ရက်နေ့အထိပြည်သူ (၇၈၇၈)ဦးအား အောင်မြင်စွာထိုးနှံပြီးစီးကြောင်းသိရသည်။
ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် လူဦးရေ(၂၆၂၃) ဦးထိုးနှံပြီး
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ မြို့လယ်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
လားရှိုးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၆၇၅ ဦးရှိပြီဖြစ်
Sep 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇)၊ ရွှေကြယ်ခန်းမတို့တွင် ဦးစားပေးအဆင့် အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
မေတ္တာမြို့တွင် (၆၅)နှစ် နှင့်အထက်ဘိုးဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊မေတ္တာမြို့တွင် စက်တင်ဘာလ (၇)ရက်နေ့ နံနက်၉နာရီအချိန်က အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့်ဦး စားပေးအဆင့်အလိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်သို့ အလှူရှင်များမှ ဝယ်ယူထားသော Oxygen Plant စက်သစ် ရောက်ရှိ
Sep 07,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်၍ အခက်အခဲ မရှိစေရန်အတွက် မြို့နယ်သံဃနာယကဆရာတော်များမှ ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူထားသော Oxygen Plant စက်သစ်ကို ယမန်နေ့က လှိုင်းဘွဲမြို့သို့ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို လူဦးရေ(၄၇၆၇)ဦး ထိုးနှံပြီးစီး
Sep 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။