အထည်ချုပ်စက်ရုံဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေး

 

 

တောင်သာ စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ၊  မြင်းခြံခရိုင်  တောင်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမှတ်(၁၀)အထည်ချုပ်စက်ရုံ၌ ယနေ့ နံနက်(၉) နာရီခွဲအချိန်က အထည်ချုပ်စက်ရုံဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအား အိမ်ထောင်စု လူဦး ရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းနှင့် ဒုလဝကမှူး ဦးအောင်ဌေးလွင်တို့အဖွဲ့သည် ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း အထည်ချုပ် စက်ရုံဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်း ချက် ညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ထားသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအ သက်(၁၀) နှစ်ပြည့်(နိုင်)၃-က ကတ်၊ အသက်(၁၈) နှစ်ပြည့်(နိုင်)၆-က ကတ်နှင့်အသစ်ပြု လုပ်ခြင်း၊ ဟောင်းနွမ်းပျက်စီးနေသော ကတ်များနှင့် အိမ်ထောင်စုစာရင်းများ အသစ်လဲ လှယ်ပေး ဆောင်ရွက်ခြင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းတို့က နိုင်ငံသားစီစစ်ရေး ကတ်ပြား များနှင့် အိမ်ထောင်စုစာရင်းပြုလုပ်ထား သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 ကျော်မျိုးနိုင်