ဝက်လက်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု ၁၂၀၀ ထံသို့ အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက်ဖြန့်ဝေ

ဝက်လက်  စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုထံသို့ အခြေခံစားသောက်ကုန်  ၃  မျိုးကို ဝက်လက်မြို့နယ် အမှတ် ၂ ရပ်ကွက်နေ  ကိုဦး ၊ မချောစု  မိသားစုမှ ယနေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ၊ ဟင်္သာမင်း ဖက်ရှင်းစတိုး ရှေ့တွင် အိမ်ထောင်စု   ၁ ၂၀၀၀ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ကာလ အတွင်း လိုအပ်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်အတွင်း စားဝတ်နေရေး ခက်ခဲသော အခြေခံလူတန်းစား အိမ်ထောင်စု စာရင်းများကို ကြိုတင်  စာရင်းကောက်ယူပြုစုခဲ့ရာ အိမ်ထောင်စု ၁၂၀၀   ကို ရရှိခဲ့ပြီး အဆိုပါ အိမ်ထောင်စု  များထံသို့ လက်ဝယ်အရောက် လှူဒါန်းပေးအပ်ခဲ့သည်။

ထောက်ပံ့ ပေးအပ်သော အခြေခံစားသောက်ကုန်များမှာ ၊အိမ်ထောင်စု တစ်စုလျှင် ဆန်   ၂    ပြည်၊ ဆီ ၅၀ ကျပ်သား၊ ငါးသေတ္တာ ၁  ဘူး ကို လက်ဝယ် အရောက် ပေးအပ်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစု၊ လူဝေး မဖြစ်စေရန် တစ်ဦး နှင့် တစ်ဦး ၆ ပေ အကွာ တန်းစီ၍ နှာခေါင်းစည်း Mask တပ်ဆင်စေပြီးမှ  ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)