မိုင်းရယ်မြို့မဈေးကြီးရှိ ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါပိုး RDT Test Kit ဖြင့်စစ်ဆေးပေး

မိုင်းရယ်  စက်တင်ဘာ   ၆

မိုင်းရယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာရေးဌာနမှ ကြီးကြပ်၍ မိုင်းရယ်မြို့မဈေးကြီးအတွင်းရှိ ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး ပေးခြင်းကို ယနေ့ နံနက်(၉)နာရီက မိုင်းရယ်မြို့ မြို့မဈေးကြီးအတွင်း၌ ပြုလုပ်သည်။

ပြည်သူများနှင့် ဈေးသည်များ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းစိုးနှင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့မဈေးကြီးရှိ ဈေးသည်(၈၆)ဦးအား RDT Test Kit ဖြင့် စစ်ဆေးပေးလျက် ရှိရာ (၁၀)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀)ဦးအား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကော်မတီမှ စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန် စီစဉ်လျက်ရှိပြီး ယင်းတို့နှင့် ဆက်စပ်ထိတွေ့သူများအားလည်း အသွားအလာကန့်သတ်နေထိုင်စေခြင်းနှင့် စစ်ဆေးခြင်းများ ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ခင်မာလာ