ဘိုကလေး စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေ၊ ဇွန် လများအတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ရေးအစီအစဉ် (MCCT)အရ တတိယ သုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ လများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
အသက်(၈၅)နှစ်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်အား စက်တင်ဘာ (၄)ရက်နေ့မှ စတင်၍ ထောက်ပံ့ပေးအပ်လျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များ၊ ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား စက်တင်ဘာ(၅)ရက်နေ့မှစတင်၍ ရပ်ကွက် အလိုက် အလှည့်ကျဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးဝင်းခိုင်၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်ချယ်ရီရွှေနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ကျေးရွာများ၏ ထောက်ပံ့ကြေးငွေများအား သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘိုကလေးမြို့နယ်တွင် လူမှုရေးပင်စင်ထောက်ပံ့ပေးရသည့် အသက်(၈၅)နှစ်အထက် ဘိုးဘွား (၉၁၂)ဦးရှိကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့မှုမှာ စုစုပေါင်း (၆၆၀၈)ဦးရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)