တောင်ပြိုလက်ဝဲ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာနှင့် သင်္ဘောလှကျေးရွာရှိ မိုးစပါး စံပြ မျိုးစေ့ထုတ်စိုက်ခင်းဧကများအတွင်း မျိုးကွဲနုတ်ပယ်ခြင်းနှင့်ပေါင်းမြက်များ ရှင်းလင်းခြင်းအား ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မောင်တောမြို့နှင့်တောင်ပြိုလက်ဝဲမြို့ စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများ ပူးပေါင်း၍ မီးတိုက်ကျေးရွာနှင့် သင်္ဘောလှကျေးရွာရှိ ဆင်းသွယ်လတ် မိုးစပါး စံပြ မျိုးစေ့ထုတ်စိုက်ခင်း ၁၅ ဧကအတွင်း မျိုးကွဲနုတ်ပယ်ခြင်းနှင့်ပေါင်းမြက်များရှင်းလင်းခြင်း အား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မြေမှန်၊ မျိုးမှန်၊ ရာသီချိန်မှန်ကန်ရန်လိုအပ်ပြီး မိမိလယ်ယာမြေနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့် စပါးအား ရွေးချယ်စိုက်ပျိုးခြင်း၊ မတူမျိုးကွဲ များနုတ်ပယ်ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ပိုးသတ်ဆေးကို အချိန်မှီဖြန်းခြင်းများ ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့် ရရှိစေခြင်း၊ စပါးအထွက်နှုန်းကောင်းစေခြင်းစသည့် ကောင်းကျိုးများရရှိမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)