ဘူးသီးတောင် စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ် နခခ( ၃)မှ အမျိုးသား(၁)ဦး နေမကောင်း/ အနံမရသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်ပြသစဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာအား ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်အခန်း၌ ဆေးကုသမှုခံယူရန် နေရာချထားပေးလျက်ရှိပြီး ကျန်မာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ( ၈)ဉီးရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၌ စက်တင်ဘာလ(၁၃) ရက်နေ့ ညနေပိုင်းထိ ကိုဗစ်-၁၉ရောဂါဓါတ်ခွဲ အတည်ပြု လူနာစုစုပေါင်း (၂၁၆)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၁၈၈)ဦး၊ သေဆုံသူ( ၈ )ဦး၊ လက်ရှိ ဆေးကုသမှု ခံယူနေသူ (၂၀ )ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လှကျော်(ပြန်/ဆက်)