မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများ ကို Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မြန်အောင် စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများကို ယမန်နေ့နံနက်က မြန်အောင်မြို့မရဲစခန်းတွင်  Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးနိုင်နှင့် မြန်အောင်မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူးဌေးလွင်တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့  နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများ ကို မြန်အောင်မြို့မ ရဲစခန်းအချုပ်တွင် စုစည်းထားရှိပြီး  ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ကျား (၂၇)ဦး၊ မ (၁)ဦး တို့အား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးပြီး ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် ကျား (၉)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ‌‌ပေးခြင်းတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ်