မော်လမြိုင်ကျွန်းမြို့နယ် ၊ ကွမ်းချောင်းကျေးရွာအတွင်းရှိ အိမ်ထောင်စု(၁၅၀) အားဆန်နှင့်စား သောက်ကုန်ပစ္စည်းများ ကူညီထောက်ပံ့ လှူဒါန်း

 

မော်လမြိုင်ကျွန်း  စက်တင်ဘာ  ၁၄

လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ်ကွမ်းချောင်း ကျေးရွာအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများနှင့် စားသောက်ရေးအခက်အခဲ ရှိသော အိမ်ထောင်စု စုစုပေါင်း အိမ်ခြေ (၁၅၀) အတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၁)နာရီ  အချိန်ကဆောင်ရွက်ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်းမှုများအတွက် မော်လမြိုင်ကျွန်းမြို့နယ် ၊ မိုးညိုကျောင်းတိုက်ဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယိကာမများ  စုပေါင်း၍ ဆန်၊ ဆီ၊ ကြက်သွန် ၊ ကြက်ဥ ၊ ငပိ ၊ ငရုပ်ခြောက် အစရှိသည့် အခြေခံစားသောက်ကုန် ၊ တန်ဖိုးကျပ်(၁၅)သိန်းကျော်အား ကျေးရွာမှ အိမ်ထောင်စု တစ်စုလျှင် ဆန် (၆)ပြည် တစ်အိပ်၊ ဆီတစ်ဗူး၊ ကြက်သွန် တစ်ထုတ်၊ ကြက်ဥ(၁၀)လုံး၊ ငပိ တစ်ထုတ်၊ ဆား၊ အချိုမှု့န်၊ ငရုပ်ခြောက်များအား အိမ်ထောင်စုပေါင်း (၁၅၀)အား သတ်မှတ် ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး စနစ်တကျ ဆောင်ရွက်၍ လှူဒါန်းကြကြောင်း သိရှိရသည်။

သီတာအောင် (ပြန်ဆက်)