ဂွမြို့တွင် ခမရ(၅၆၂)မှ  တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်

ဂွ   စက်တင်ဘာ  ၁၄

 

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နယ်မြေခံတပ်ရင်းဖြစ်သည့်ခမရ(၅၆၂)တွင်နေထိုင်သည့် တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရေး အတွက် ယမန်နေ့ နံနက် (၈) နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ  သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးကို ရရှိရေးအတွက် ပြည်သူများအားဥပဒေနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဂွမြို့နယ်မြေခံတပ်ရင်းဖြစ်သည့် ခမရ(၅၆၂)တွင်နေထိုင်သည့် တိုင်းရင်းသားများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ထုတ်ပေးနိုင်ရေး အတွက်မြို့နယ ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉လမ်းညွှန် ချက်များ နှင့်အညီ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါ နယ်မြေခံတပ်ရင်းဖြစ်သည့် ခမရ(၅၆၂)တွေ့ဆုံခန်းမ၌ဆောင်ရွက်ပေးခဲ့ရာတွင်အသက်(၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်လာသူ ကျား(၃)ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်သူ ကျား(၂)ဦး၊ မ(၁)ဦးနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၍ ပြုလုပ်လာသူ ကျား(၁၃)ဦး၊ မ(၁)ဦးဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်လာသူ စုစုပေါင်း ကျား (၁၈)ဦးနှင့် မ (၂)ဦးတို့ကိုဥပဒေ နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ရွှေရည်ဝင်းကျော်